လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀ ကျော်ခန့်က မိစ္ဆာမျိုးနွယ် ရဲ့ မိစ္ဆာအကြီးအကဲ ၇၂ ယောက်ပေါ်ထွန်းလာမှုနဲ့အတူ လူသားမျိုးနွယ်စုအတွက် ကြီးမားတဲ့ အန္တာရယ်ကပ်ဘေးတွေ ကျရောက်ခဲ့ပြီး မျိုးတုံးလုနီးပါးဖြစ်လာခဲ့တယ်။ ကျန်ရှိနေတဲ့ လူသားမျိုးနွယ်စုတွေက ကျောင်းတော်တွေ စုပေါင်းပြီး တုန့်ပြန့်တိုက်ခိုက်ခဲ့ကြတာမို့ အခြေအနေတွေ ခဏ ငြိမ်သက်သွားခဲ့ပါတော့တယ် အဲ့အချိန်ကစပြီး လူသားမျိုးနွယ်စုဟာ မိစ္ဆာတွေတစ်ဖန်ပြန်လည် ကျူးကျော်လာမှုကိုရင်ဆိုင်နိုင်ဖို့ အမြဲကြိုးစားလာခဲ့တာမှာ ယခုလက်ရှိအချိန်ကာလမှာတော့ သူရဲကောင်းဗိမ္မာန် ကျောင်းဆောင်တွေ အသီးသီး ပေါ်ထွန်းလာခဲ့ပြီဖြစ်ပါတယ်။ အဲ့အထဲမှာ လုံဟောက်ချန်းဆိုတဲ့ ကောင်လေးဟာ တိုက်ခိုက်ခြင်းစစ်သည်သူရဲကောင်း ဗိမ္မာန်ကျောင်းဆောင်ကို ၀င်ရောက်ဖို့ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပါ။ ဒီလိုနဲ့ သူတိုက်ခိုက်ခြင်း စစ်သည်တော်ဖြစ်လာဖို့ ကြိုးစားရင်း ကျောင်းတော်မှာ သူတွေ့ကြုံလာရမဲ့အရာတွေ ၊ ရင်ဆိုင်ဖြေရှင်းရမဲ့ တိုက်ပွဲတွေအကြောင်း ကြည့်ရှုကြရမှာပါ။ ကြာသပတေးနေ့တိုင်း အပိုင်းသစ်ထွက်ပြီး တစ်ပိုင်းကို ၂၁ မိနစ်ကြာမြင့်မှာဖြစ်ပါတယ်။