အညွှန်း လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက...... ချန်းမန်တာအိုနယ်မိတ်ရဲ့ အဖိုးတန်ရတနာကြီး(၃)ပါးထဲက(၁)ပါးဖြစ်တဲ့ ထျန်းနိပုတီးစေ့ဟာ... နိချန်ဘုံဆီ မတော်တဆကျရောက်သွားခဲ့ပြီး ကျူးချွဲ့တိုင်းပြည်ရဲ့ နံပါတ်တစ်အကျော်အမော် စစ်ထူနန်က ရရှိသွားခဲ့တယ် ထျန်းနိပုတီးစေ့ဟာ ရှေးဟောင်းနတ်ဘုံဆီပေါက်ရောက်နိုင်တယ်လို့ ဒဏ္ဍာရီမှာလာရှိခဲ့တော့ ရတနာလုတိုက်ပွဲက ဘယ်တော့မှရပ်တန့်ခြင်းမရှိတော့ဘူး... နောက်ဆုံးတော့ လည်ပတ်နေတဲ့သံသရာကို အရှုံးပေးရင်း ကံကြမ္မာလူသား ပေါ်ထွက်လာမဲ့အချိန်ကို စောင့်ဆိုင်းရင်းခန္ဓာကြွေခဲ့တယ် ထိုအချိန်တွင် ၀မ်မျိုးနွယ်စုက မယားငယ်ရဲ့ ဒုတိယသားဖြစ်သူမှ ဆင်းသက်လာတဲ့၀မ်လင်..... နန်းတော်ရဲ့အရာရှိစာမေးပွဲကိုဖြေဆိုဖို့ ကြိုးစားနေချိန်မှာ လမ်းစရိတ်မရှ်ိရတော့တဲ့အကြောင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့တယ် ဒါကလည်း သူ့ရဲ့ကံတရားပဲဖြစ်မလား ၀မ်လင်အတွက် မိဘတွေကိုအဆင်ပြေပြေထားနိုင်ဖို့အတွက် ဝိဇ္ဇာနတ်ဂိုဏ်းထဲကို၀င်ဖို့ဆုံးဖြတ်ခဲ့တယ် ပါရမီက မရှိ ကျင့်ကြံမှုက မရှိ နောက်ခံက မရှိ ဇွဲလုံးလနဲ့ဝီရိယပဲရှိတဲ့၀မ်လင်က နတ်ဝိဇ္ဇာဂိုဏ်းရဲ့စမ်းသပ်မှုတွေကို ဘယ်လိုကျော်ဖြတ်ပြီး ကံကြမ္မာကိုဆန့်ကျင်မဲ့ အမတ တစ်ပါးဖြစ်တဲ့လမ်းစဉ်ကို ဘယ်လိုလျှောက်လှမ်းမလဲ.... ကြီးနိုင်ငယ်ညှင်းဖြစ်တဲ့ ဝိဇ္ဇာနတ်ကျင့်ကြံခြင်းလောကမှာရှင်သန်ဖို့နဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်လက်ထဲမှာဆုပ်ကိုင်ထားနိုင်ဖို့ ဝမ်လင်တစ်ယောက် ဘယ်လိုတွေသတ်ဖြတ်ပြမလဲ ဘယ်လိုတွေယုတ်မာရက်စက်ပြမလဲဆိုတာသိချင်ရင်တော့ အမတတစ်ပါး၏ကိုယ်ပိုင်လမ်းစဉ်ဆိုတဲ့ Chinese Animation လေးကိုကြည့်လိုက်ကြပါ